၂၀၂၆ ခုနှစ် ဆိုးလ်မြို့တွင် သတ္တမအကြိမ်မြောက် နှစ်ပတ်လည်ဆုပေးပွဲ Gala အခမ်းအနားဖြင့် တောက်ပစေမည့် Bigo Live



ဆိုးလ်မြို့၊ တောင်ကိုရီးယားနိုင်ငံ - Media OutReach Newswire - ၂၀၂၆ ဇန်နဝါရီလ ၂၁ ရက်နေ့ - နိုင်ငံပေါင်း ၁၅၀ ကျော်တွင် စာရင်းသွင်းအသုံးပြုသူပေါင်း သန်း 600 ကျော်ရှိသည့် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားလာနေသော လူမှုတိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းများထဲမှ တစ်ခုဖြစ်သည့် Bigo Live သည် ၎င်း၏ နှစ်ပတ်လည် အထင်ကရ ပွဲဖြစ်သည့် BIGO Gala ဆုပေးပွဲ၏ သတ္တမအကြိမ်မြောက်ကို ကြေညာခဲ့ပါသည်။ "SEOUL LIGHTS, BIGO NIGHTS" ခေါင်းစဉ်ဖြင့် အလွန်မျှော်လင့်ထားသော အခမ်းအနားကို ဆိုးလ်မြို့ရှိ ကျော်ကြားသော KBS ခန်းမတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက် သောကြာနေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ပြီးခဲ့သောနှစ်အတွင်း ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ content ဖန်တီးသူများ၏ စိတ်အားထက်သန်မှုနှင့် တီထွင်ဖန်တီးမှုများကို ဂုဏ်ပြုသည့်အနေဖြင့် အခမ်းအနားကို ကျင်းပသွားပါမည်။

BIGO Awards Gala 2026
BIGO Awards Gala 2026

Bigo Live မှ ဖန်တီးသူများ၏ စွမ်းရည်များက ဆိုးလ်မြို့တော်ကို တောက်ပစေမည်ဖြစ်ပြီး ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော "SEOUL LIGHTS၊ BIGO NIGHTS" သည် ပွဲ၏ အသက်ဝိညာဉ်ကို ဖမ်းစားထားနိုင်မည်ဖြစ်သည်။ Gala သည် ပလက်ဖောင်း၏ ဖန်တီးသူများနှင့် မိသားစုများ၏ စိတ်အားထက်သန်မှု အရည်အချင်းများကို ဂုဏ်ပြုပေးသွားမည်ဖြစ်ပြီး အခိုက်အတန့်တိုင်းကို ထူးခြားပြီး မမေ့နိုင်သော ပွဲတစ်ခုအဖြစ် ပြောင်းလဲပေးမည်ဖြစ်သည်။ တီထွင်ဖန်တီးမှု၊ နည်းပညာနှင့် ယဉ်ကျေးမှုတို့ ဆုံမှတ်နေရာတွင် Bigo Live သည် ဆက်လက်တည်ဆောက်နေပြီး ကမ္ဘာနှင့်အဝှမ်း ချိတ်ဆက်နေသော အသိုက်အဝန်းကို ထင်ဟပ်စေသည့် ယခုနှစ် BIGO Gala ဆုပေးပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပသွားမည့် မြို့တော်အဖြစ် ဆိုးလ်ကို ရွေးချယ်ခံခဲ့ရပါသည်။

အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ မြောက်နှင့် တောင်အမေရိကနှင့် အာဖရိကတဝှမ်း အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှ ဧည့်သည်ပေါင်း 1,200 ကျော် ကြယ်ပွင့်နာမည်ကြီးများကို ဖိတ်ခေါ်ကျင်းပသွားမည်ဟု မျှော်လင့်ထားပါသည်။ ပွဲတော်များသည် အများမြင်စေမည့် ကော်ဇောနီခင်းသည့်ပွဲဖြင့် စတင်မည်ဖြစ်ပြီး ပွဲ၏ စွမ်းအင်နှင့် တက်ကြွမှုတို့ကို ဦးစွာ အရိပ်အမြွက် ပြသသွားမည်ဖြစ်သည်။

Bigo Live မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။ "ဆိုးလ်မြို့တော်ရဲ့ တက်ကြွနေတဲ့ စွမ်းအင်က ကျွန်ုပ်တို့ ၂၀၂၆ ခုနှစ် Gala ပွဲအတွက် ပြီးပြည့်စုံသော နောက်ခံပဲ ဖြစ်ပါတယ်။ SEOUL LIGHTS၊ BIGO NIGHTS က သာမန်အပြင်အဆင်တစ်ခုထက် ပိုပါသည်၊ ဒါက ကျွန်ုပ်တို့ ဖန်တီးသူတွေက ၎င်းတို့၏ စွမ်းရည်နှင့် စိတ်အားထက်သန်မှုများကို ပေါင်းစပ်ပြီး ပလက်ဖောင်းကို ပုံဖော်ပေးနေခြင်း၏ ရောင်ပြန်ဟပ်မှုတစ်ခုပါပဲ။ သူတို့ရဲ့ အောင်မြင်မှုတွေနဲ့ သူတို့တည်ဆောက်ထားတဲ့ အားကောင်းတဲ့ ချိတ်ဆက်မှုတွေကို ဂုဏ်ပြုရန် အတွက် တက်ကြွမှုအပြည့်နဲ့ မြို့တော်ကြီးမှာ ကမ္ဘာတစ်ဝှမ်းက အသိုင်းအဝိုင်းကို အတူတကွ သယ်ဆောင်လာရတာ ဝမ်းသာမိပါတယ်။"

အခမ်းအနားသည် လွန်ခဲ့သည့်နှစ်အတွင်း ၎င်းတို့၏ ထူးချွန်သော ပံ့ပိုးကူညီမှုများကြောင့် အကြောင်းအရာဖန်တီးသူနှင့် မိသားစုပေါင်း ၂၀၀ ကျော်အား ဂုဏ်ပြုမည်ဖြစ်ပြီး ၎င်းတွင် ဆုတံဆိပ်များနှင့် အက်ပ်အတွင်းဆုများ ရရှိသူများနှင့်အတူ၊ ရွေးချယ်ထားသော ဆုရရှိသူများကိုပါ ဂန်နမ် ၏ မြင့်မားသော မီဒီယာခရိုင်ရှိ သိသာထင်ရှားသည့် ဒစ်ဂျစ်တယ်ကြော်ငြာဘုတ်နေရာများတွင် ပြသမည် ဖြစ်သောကြောင့် ပလက်ဖောင်းပေါ်ထက် ကျော်လွန်၍ လူသိများအသိအမှတ်ပြုမှုကို တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါသည်။

ညနေပိုင်းတွင် FIFTY FIFTY နှင့် tripleS စသည့် တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဖွဲ့များ အထူးပါဝင်ဖျော်ဖြေမှုများအပြင် နိုင်ငံတကာမှ အနုပညာရှင်များ၏ တေးဂီတမှသည် တီးဝိုင်း ရှိုးများအထိ စွဲမက်ဖွယ်ကောင်းသော ဖျော်ဖြေတင်ဆက်မှုများအထိ ပါဝင်မည်ဖြစ်ပါသည် - ကမ္ဘာလုံးဆိုင်ရာ တီထွင်ဖန်တီးနိုင်မှုဖြင့် စည်းချက်ညီညီ ပေါင်းစပ်ထားသော ပါဝင်ခံစားနိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးမည် ဖြစ်ပါသည်။

ညဘက်တွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် Bigo Live သည် အံ့အားသင့်ဖွယ်ရာ ဖြစ်စေမည့် ၎င်း၏ မတ်စကော့အရုပ်ကို အသားပေးဖော်ပြမည့် mini-Dinos သီးသန့် blind-box စုစည်းမှုကိုလည်း ပြသမည်ဖြစ်ပါသည်။

ကမ္ဘာအနှံ့မှ စောင့်ကြည့်နေသူများအတွက် ၂၀၂၆ ခုနှစ် BIGO Gala ဆုပေးပွဲ ကို Bigo Live ၏ Music Live House ချန်နယ် (Bigo ID: music) နှင့် တရားဝင် Bigo.tv ဝဘ်ဆိုက်တွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားပါမည်။ တိုက်ရိုက်ထုတ်လွှင့်မှုသည် ညနေ ၃ နာရီ (GMT+9) အချိန်တွင် ကော်ဇော်နီအခမ်းအနားဖြင့် စတင်မည်ဖြစ်ပြီး ထို့နောက် Gala ဆုပေးပွဲအတွက် ည ၇နာရီ (GMT+9) တွင် စတင်မည်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ကြည့်ရှုသူများသည် အထူးဆုသုံးဆုဖြစ်သည့် "လူကြိုက်အများဆုံး ထုတ်လွှင့်သူ၊" "အကျော်ကြားဆုံး မိသားစု" နှင့် "GALA ကြယ်ပွင့်" အထူးဆုသုံးခုအတွက် ဖျော်ဖြေပွဲညအတွင်း ၎င်းတို့၏အကြိုက်ဆုံး အကြောင်းအရာဖန်တီးသူများနှင့် မိသားစုများကို တိုက်ရိုက်မဲပေးနိုင်ပါသည်။

Bigo Live ကမ္ဘာ့လုံးဆိုင်ရာ လူမှုအသိုင်းဝိုင်းတွင်ပါဝင်ပြီး ၂၀၂၆ခုနှစ် BIGO Gala ဆုပေးပွဲကိုကြည့်ရှုရန်အတွက် Bigo Live အက်ပ်ကို ဒေါင်းလုဒ်လုပ်ပါ သို့မဟုတ် တရားဝင်ဝဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုပါ။ နောက်ဆုံးရသတင်းများအတွက် Bigo Live ကို Facebook နှင့် Instagramတွင် Follow လုပ်ထားပါ။






Hashtag: #BigoLive #BIGOAwardsGala2026

The issuer is solely responsible for the content of this announcement.
Bigo Live
Bigo Live
Bigo Live သည် အသုံးပြုသူများ၏ ဘဝအခိုက်အတန့်များကို မျှဝေရန်၊ ၎င်းတို့၏ အရည်အချင်းများကို ပြသရန်နှင့် ကမ္ဘာတစ်ဝှမ်းမှ လူများနှင့် အပြန်အလှန် ဆက်သွယ်တုံ့ပြန်နိုင်ရန်အတွက် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားလာသော တိုက်ရိုက်ထုတ်လွှင့်မှု လူမှုအသိုင်းအဝိုင်းကွန်ရက်များထဲမှ တစ်ခုဖြစ်ပါသည်။ Bigo Live သည် နိုင်ငံပေါင်း ၁၅၀ ကျော်တွင် အသုံးပြုသူ သန်း ၆၀၀ ကျော်ရှိပါသည်။ Bigo Live ကို 2016 ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး စင်္ကာပူနိုင်ငံအခြေစိုက် BIGO Technology မှ ပိုင်ဆိုင်ပါသည်။



ISSUER:

Bigo Live

CATEGORY:

Social Media

PUBLISHED ON:

21 Jan 2026 10:00am

Past Press Releases

MORE
#Social Media #Event & Exhibition

21 January 2026 9:00am HKT

Bigo Live to Illuminate Seoul with Seventh Annual Awards Gala in 2026

#Entertainment #Lifestyle

25 August 2025 3:00pm HKT

Bigo Live Brings Global Creator Community Together at Turkey Mid-Year Gala

Talk to Media OutReach Newswire today

CONTACT US NOW