Bigo Live ၏ တကမ္ဘာလုံးဆိုင်ရာ ကွန်မြူနတီသည် နှစ်စဉ် ကျင်းပသည့် ဂါလာပွဲတွင် တစ်နှစ်တာ အလွှမ်းမိုးမှုအရှိဆုံး အဖြစ် မှတ်သားနိုင်ခဲ့သည််။



ဧည့်သည် 1,000 ကျော် တက်ရောက်မှုဖြင့် ယခုနှစ် ဂါလာပွဲတွင် တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန်အတွက် ကုမ္ပဏီ၏ ကတိကဝတ်ကို အလေးပေးကာ Content Creatorများနှင့် ကြည့်ရှုသူများကို ကွဲပြားပြီး ပြည့်ဝသော အတွေ့အကြုံများ ပေးဆောင်နိုင်ရန် ဖြစ်ပါသည်။

စင်္ကာပူ - Media OutReach Newswire - ဇန်နဝါရီ 22၊ 2025 - ကမ္ဘာလုံးဆိုင်ရာတိုက်ရိုက်ထုတ်လွှင့်မှု ဆိုရှယ်ပလတ်ဖောင်းဖြစ်သော Bigo Live သည် ယခုအခါ ၎င်း၏ ဆဋ္ဌမမြောက် ဖြစ်သည့် BIGO ဆုပေးပွဲ ဂါလာပွဲတော် ၏ ပြန်လာမှုကို ကြေညာရန် စိတ်လှုပ်ရှားနေပါသည်။ "LIVE YOUR OASIS" ဆိုသော အခမ်းအနားရဲ့ အဓိကရည်ရွယ်ချက်ဖြင့် ဖန်တီးမှု၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကို အလေးထားပြီး လံုခြံုနှင့် ဆန်းသစ်သော ဒစ်ဂျစ်တယ် နည်းလမ်းအသစ်များကို ဖေ်ာဆောင်နေသည်။ ဇန်န၀ါရီ 24၊ 2025 တွင် စင်္ကာပူရှိ အထင်ကရ Marina Bay Sands၊ Sands Theatre တွင်ကျင်းပပြုလုပ်မည့် Bigo Live သည် ၎င်းကို တည်ထောင်ခဲ့သည့်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

BIGO ဆုပေးပွဲ ဂါလာပွဲတော် 2025
BIGO ဆုပေးပွဲ ဂါလာပွဲတော် 2025

ကမ္ဘာတစ်ဝှမ်းမှ တက်ရောက်သူ 1,000 ကျော်နှင့်အတူ ပွဲတော်သည် "အတိုးတက်ဆုံး တိုက်ရိုက်ထုတ်လွှင့်မှု" နှင့် "တကမ္ဘာလုံးဆိုင်ရာကွန်မြူနတီတည်ဆောက်သူ" ကဲ့သို့သော အမျိုးအစားများတွင် ထူးချွန်သော အကြောင်းအရာဖန်တီးသူများကို ဂုဏ်ပြုမည်ဖြစ်သည်။ ကံထူးရှင်များသည် ဆုတံဆိပ်များ၊ အက်ပ်အတွင်းဆုလက်ဆောင်များနှင့် အထင်ကရနေရာများရှိ ကြော်ငြာဘုတ်တွင် အသိအမှတ်ပြုခြင်းကို ရရှိပါမည်။ ကြည့်ရှုသူများသည် အချိန်နှင့်တပြေးညီ မိမိနှစ်သက်သောသူများအတွက် မဲပေးခြင်းဖြင့် ပွဲကြီးကို ပိုမိုပျေ်ာရွှင်စေမည်ဖြစ်ပြီး ႀငါသ ဴငလန ၏ လိုက်လျောညီထွေမှုနှင့် လူမှုအသိုင်းအဝိုင်းအပေ်ါ အခိုင်အမာကျင့်ကြံမှုကို ထင်ရှားစေသည်။

Bigo Live သည် ဖန်တီးမှုထွက်နိုင်စွမ်းများကို တိုးတက်စေရန် ကိရိယာများနှင့် အရင်းအမြစ်များကို ဖန်တီးသူများကို ပံ့ပိုးရန် ဆက်လက်လှုပ်ရှားနေသည်။User-Generated Content (UGC)မူဝါဒများကို ပိုမိုတင်းကျပ်စွာ ကျင့်သံုးခြင်း၊ ဖန်တီးမှုဆိုင်ရာ လံုခြံုရေးကို မြှင့်တင်ထားသောနည်းလမ်းအသစ်များဖြင့် အသံုးပြုသူများအတွက် ပိုမိုလံုခြံုသော သဘောထားနှင့် အဖွဲ့အစည်းဆိုင်ရာ အရေးပါမှုရှိသော လက်တွေ့အသံုးပြုမှုများကို ပေးစွမ်းပါသည်။ ပိုမို တင်းကျပ်သော ပရိုက်ဗိတ် ထုတ်လွှင့်မှုအတွက် အတည်ပြုခြင်း၊ အဆင့်မြင့် အရည်အသွေးထိန်းညှိခြင်း အလေ့အကျင့်များနှင့် နေရာဒေသအလိုက် အကြောင်းအရာ လမ်းညွှန်ချက်များသည် တီထွင်ဖန်တီးမှုနှင့် အဓိပ္ပာယ်ပြည့်ဝသော ချိတ်ဆက်မှုများအတွက် လုံခြုံပြီး ကြွယ်ဝသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို သေချာစေသည်။

ယခုနှစ် အခမ်းအနားသည် Carbon-Neutral စနစ်လည်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုဆီသို့ အရေးပါသော ခြေလှမ်းတစ်ရပ်လည်းဖြစ်သည်။ ပစ္စည်းများ၊ သယ်ယူပို့ဆောင်မှုနှင့် စွမ်းအင်သံုးစွဲမှုမှ ထုတ်လွှတ်မှုများကို တိုင်းတာခြင်း၊ ထို့နောက် ကာဗွန် creditများဖြင့် တံု့ပြန်ပေးဆောင်ခြင်းတို့မှတစ်ဆင့် ဒစ်ဂျစ်တယ်လောက၌ တာဝန်ရှိသော အကျင့်တရားများအတွက် စံချိန်သစ်များကို ထူထောင်ခဲ့သည်။

"BIGO Awards Gala 2025 သည် Bigo Live ကို ထူးခြားစေသော ကမ္ဘာလံုးဆိုင်ရာ အသိုင်းအဝိုင်း၏ အသက်ဝင်မှုကို ပျေ်ာရွှင်စွာ ဆင်နွှဲခြင်းဖြစ်ပါသည်" ဟု Bigo Live မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ "ယခုနှစ် စင်ကာပူကို ပြန်ရောက်လာသည်နှင့်အမျှ၊ ထူးခြားသော အရည်အချင်းများကို ဂုဏ်ပြုရုံသာမက တီထွင်ဖန်တီးမှုများနှင့် ချိတ်ဆက်မှုများအပြင် ရှင်သန်နေသော ဘေးကင်းလုံခြုံပြီး ပါဝင်နိုင်သည့် ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်အိုအေစစ်ကို ဖန်တီးရန်အတွက် ကျွန်တော်တို့ ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုပါသည်။"

စင်္ကာပူမင်းသမီး Vernetta Lopez နှင့် ဟာသလူရွှင်တော် Rishi Budhrani တို့က ပူးတွဲပါဝင်ကျင်းပသည့် ညနေပိုင်းအစီအစဉ်တွင် ပေါ့ပ်၊ အော်ပရာ၊ ဟစ်ဟော့နှင့် အက စသည့် အမျိုးအစားပေါင်းစုံမှ နိုင်ငံတကာ အနုပညာရှင် 35 ဦးမှ ဖျော်ဖြေတင်ဆက်မှုများ၊ ကာယဗလနှင့် အံ့မခန်း EDM ဖျော်ဖြေမှုများနှင့်အတူ ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုသည် ဆိုရှယ်မီဒီယာနယ်ပယ်ကို ကျယ်ပြန့်စွာ ဆက်လက်ချဲ့ထွင်လျက်ရှိပါသည်။ 2016 ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီးကတည်းက Bigo Live သည် ဖန်တီးသူများအား စွမ်းဆောင်ရည်မြှင့်တင်ပေးကာ ကမ္ဘာတစ်ဝှမ်းတွင် 7 ခုမြောက် လူကြိုက်အများဆုံး တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းအဖြစ် ရပ်တည်နေသည်။ (Stream Hatchet, Q4 2024) ။ Virtual Live ကိရိယာများနှင့် personalized incentivesတို့ဖြင့် ဖန်တီးသူနှင့် ကြည့်ရှုသူများအတွက် တိုးတက်သော အသိုင်းအဝိုင်းတစ်ခုကို ဖေ်ာဆောင်လျက်ရှိသည်။

BIGO Awards Gala 2025 ကို Bigo Live အက်ပ်မှတစ်ဆင့် Bigo Live ၏ Music Livehouse ချန်နယ် (Bigo ID: music) တွင် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ Live Chat နှင့် Luckydraw အပါအဝင် အတူတူပါဝင်မှုများဖြင့် ကမ္ဘာတစ်ဝှမ်းမှ ကြည့်ရှုသူများအတွက် အတွေ့အကြံုကို ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်စေမည်ဖြစ်သည်။

  • ရက်စွဲ- ဇန်နဝါရီ 24၊ 2025
  • ကော်ဇောနီ လျှောက်လမ်းအချိန်- ညနေ 3 နာရီ (GMT+8)
  • ဂါလာ ပွဲတော် စတင်ချိန်- ည 7 နာရီ (GMT+8)

အပ်ဒိတ်များအတွက် Facebook နှင့် Instagram တွင် Bigo Live ကို Follow လုပ်ပြီး တိုက်ရိုက်ထုတ်လွှင့်ခြင်း၏ ပြောင်းလဲနိုင်သော စွမ်းအားကို ဂုဏ်ပြုခြင်းဖြင့် ကျွန်ုပ်တို့နှင့် ပူးပေါင်းလိုက်ပါ။




Hashtag: #BIGO #BIGOAwardsGala

The issuer is solely responsible for the content of this announcement.
Bigo Live
Bigo Live
Bigo Live သည် အသုံးပြုသူများ၏ ဘဝအခိုက်အတန့်များကို မျှဝေရန်၊ ၎င်းတို့၏ အရည်အချင်းများကို ပြသရန်နှင့် ကမ္ဘာတစ်ဝှမ်းမှ လူများနှင့် အပြန်အလှန် တုံ့ပြန်ဆက်သွယ်ရန်အတွက် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားလာသော တိုက်ရိုက်ထုတ်လွှင့်မှု ဆိုရှယ်ကွန်မြူနတီများထဲမှ တစ်ခုဖြစ်သည်။ Bigo Live သည် နိုင်ငံပေါင်း 150 ကျော်တွင် အသုံးပြုသူ သန်း 500 ဝန်းကျင်ရှိပြီး လက်ရှိ တိုက်ရိုက်ထုတ်လွှင့်ခြင်းလုပ်ငန်းတွင် စျေးကွက်ဦးဆောင်သူလည်း ဖြစ်ပါသည်။ Bigo Live ကို 2016 ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး Singapore အခြေစိုက် Bigo Technology မှ ပိုင်ဆိုင်ပါသည်။
ISSUER:

Bigo Live

CATEGORY:

Entertainment

PUBLISHED ON:

22 Jan 2025 10:15am

Past Press Releases

MORE
#Social Media #Event & Exhibition

21 January 2026 9:00am HKT

Bigo Live to Illuminate Seoul with Seventh Annual Awards Gala in 2026

#Entertainment #Lifestyle

25 August 2025 3:00pm HKT

Bigo Live Brings Global Creator Community Together at Turkey Mid-Year Gala

Talk to Media OutReach Newswire today

CONTACT US NOW